Myanma Foreign Trade Bank
Department >> Opening Deparment
  1. မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်တွင် ဖွင့်လှစ်နိုင်သော စာရင်းအမျိုးအစား
  2. နိုင်ငံခြားငွေစာရင်းဖွင့်နိုင်သည့် နိုင်ငံခြားငွေ အမျိုးအစား
  3. မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်တွင် စာရင်းဖွင့်လှစ်ထားရှိသော စာရင်းအမျိုးအစားများ
  4. မြန်မာနိုင်ငံသားများနိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ
  5. နိုင်ငံခြားငွေစာရင်းဖွင့်လှစ်နိုင်သော နိုင်ငံသားများ
  6. နိုင်ငံခြားသားများ ငွေစာရင်းဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ
  7. သံရုံးနှင့် သံရုံးဝန်ထမ်းများ၏ စာရင်းများ
  8. နိုင်ငံခြားသားပိုင် ကုမ္ပဏီများ
  9. အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ
  10. လက်မှတ်ရေးထိုးဆောင်ရွက်ခွင့်ရှိသူများ

National Account / Personal Account ဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ

  • စာရင်းဖွင့်လျှောက်လွှာ
  • နိုင်ငံသားစိစစ်ရေးကဒ်
  • နိုင်ငံခြားငွေ ရရှိကြောင်း အထောက်အထား
  • ကနဦးအပ်ငွေ အမေရိကန်ဒေါ်လာ 100 /
    ယူရိုငွေကြေး 100 / စင်္ကာပူဒေါ်လာ 100
  • ထိုးမြဲလက်မှတ်နမူနာပုံစံ
  • ဓါတ်ပုံ (၂) ပုံ
  • မိတ်ဆက်ထောက်ခံသူ (၂) ဦး

National Account / Personal Accout ဖွင့်လှစ်ရန် နမူနာပုံစံများ


Embassy Account ဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ

  • သံရုံးမှ စာရင်းဖွင့်လှစ်ပေးရန် လျှောက်လွှာ
  • နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ
  • သံရုံး၏စာရင်းအား လက်မှတ်ရေးထိုးဆောင်ရွက်မည့်သူ၏ ဓါတ်ပုံ (၂) ပုံ၊ နိုင်ငံကူးလက်မှတ်နှင့် ဗီဇာမိတ္တူများ
  • ကနဦးအပ်ငွေ အမေရိကန်ဒေါ်လာ ၁၀၀ /
    ယူရိုငွေကြေး ၁၀၀ / စင်္ကာပူဒေါ်လာ ၁၀၀
  • ထိုးမြဲလက်မှတ်နမူနာ
  • မိတ်ဆက်ထောက်ခံသူ (၂) ဦး

Embassy Accout ဖွင့်လှစ်ရန် နမူနာပုံစံများ

Company Account ဖွင့်လှစ်ပါက တင်ပြရန်လိုအပ်ချက်များ

  • နိုင်ငံသားပိုင် ကုမ္ပဏီများ
  • စာရင်းဖွင့်လှစ်လိုကြောင်းလျှောက်လွှာ
  • ဒါရိုက်တာအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း
  • ကုမ္ပဏီမှတ်ပုံတင် (Company Registeration Certificate) (သမ၀ါယမအသင်းဖြစ်ပါက အသင်းမှတ်ပုံတင်)
  • အစုရှယ်ယာများ ခွဲဝေချထားသည့်စာရင်း (Form VI) (Return of Allotment)
  • ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်များစာရင်း (Form XXVI)(Particulars of Directors,Managers and Managing Agents and of any changes therein) (သမ၀ါယမအသင်းဖြစ်ပါက အသင်းသားစာရင်း)
  • ထုတ်ကုန် / သွင်းကုန်လိုင်စင် (Certificate of Exporter/importer Registeration)
  • သင်းဖွဲ့စည်းမျဉ်း / မှတ်တမ်း (Memorandum and Articles of Association)(သမ၀ါယမ အသင်းဖြစ်ပါက အသင်းစည်းမျဉ်း)
  • လက်မှတ်ရေးထိုးဆောင်ရွက်မည့်သူများ၏ ထိုးမြဲလက်မှတ်နမူနာ၊ ဓါတ်ပုံ (၂) ပုံနှင့် မှတ်ပုံတင် (မိတ္တူ)
  • မိတ်ဆက်ထောက်ခံသူ (၂) ဦး (introducer)
  • နိုင်ငံခြားသားပိုင် ကုမဏီများ
  • စာရင်းဖွင့်လှစ်လိုကြောင်းလျှောက်လွှာ
  • အစည်းအဝေးမှတ်တမ်း (သို့) Power of Attorney and Myanmar Embassy Attested.
  • ကုမ္ပဏီမှတ်ပုံတင်
  • Permit to Trade
  • အစုရှယ်ယာထည့်ဝင်မှု (Form VI)
  • ကုမ္ပဏီဒါရိုက်တာများစာရင်း (Form XXVI)
  • သင်းဖွဲ့စည်းမျဉ်း/မှတ်တမ်း
  • လက်မှတ်ရေးထိုးဆောင်ရွက်မည့်သူ၏ ထိုးမြဲလက်မှတ်နမူနာ၊ ဓါတ်ပုံ (၂) ပုံ၊
    နိုင်ငံကူးလက်မှတ်နှင့် ဗီဇာ (မိတ္တူ)များ
  • မိတ်ဆက်ထောက်ခံသူ (၂) ဦး

Company Account ဖွင့်လှစ်ရန် နမူနာပုံစံများ

Fixed Department

  • ပုံသေအပ်နှံငွေများ
  • စာရင်းရှင်ဖွင့်ပြီးမှာသာ ပုံသေ အပ်နှံငွေစာရင်း
    ဖွင့်ပိုင်ခွင့်ရှိပါသည်။
  • အနည်းဆုံး USD 1000/- ဖြင့် စတင်ဖွင့်လှစ်ရပါသည်။
  • ဗဟိုဘဏ်မှ အတိုးနှုန်းသတ်မှတ်၍ ယခုအထိ ၁ နှစ်လျှင် 1% အတိုးပေးပါသည်။
  • ၆ လ အနည်းဆုံးထားရှိမှသာ အတိုးပေးပါသည်။

ပုံသေအပ်နှံငွေစာရင်းဖွင့်လှစ်ထားရှိသော
စာရင်းပိုင်ရှင်များအတွက် ထုတ်ပေးသော
နိုင်ငံခြားငွေမှတ်တမ်းစာအုပ်

စာရင်းလွှဲပြောင်းခြင်း (Account Transfer ) အတွက် လိုအပ်ချက်များ

  • လျှောက်လွှာ
  • Debit Note
  • နိုင်ငံခြားငွေ မှတ်တမ်းစာအုပ်
  • အစိုးရဌာနများသို့ စာရင်းပြောင်းပေးသွင်းခြင်းဖြစ်ပါက သက်ဆိုင်ရာဌာန၏ အကြောင်းကြားစာ
  • ဘဏ်စာရင်းပိတ်ခြင်း

  • စာရင်းပိုင်ရှင်၏ သဘောဆန္ဒအရ စာရင်းပိတ်ခြင်း
  • စာရင်းပိုင်ရှင် ကွယ်လွန်ခြင်း
  • စာရင်းပိုင်ရှင် ရူးသွပ်စိတ်မနှံ့ဖြစ်ခြင်း
  • စာရင်းပိုင်ရှင် ဒေ၀ါလီခံရခြင်း
  • ကုမ္ပဏီစာရင်းဖြစ်ပါက ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းခြင်း
  • ************* မှတ်ချက် ************

    ကားဟောင်းဖျက်သိမ်းပြီးကားတင်သွင်းခွင့်ရရှိသူများ၊ပြည်ပသို့ပညာသင်ဆွေးနွေးပွဲသွားရောက်သူများ၊အစိုးရတာဝန်ဖြင့်ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်သောဝန်ထမ်းများ၊ပြည်ပသို့အလုပ်သွားရောက် လုပ်ကိုင်သူများ၊ကာကွယ်ရေးဝန်ကြီးဌာနမှတာဝန်ဖြင့်ပြည်ပသို့သွားရောက်တာဝန်ထမ်းဆောင်သူများမှကားပါမစ်လျှောက်ထားခြင်းနှင့်နိုင်ငံခြားသားသင်္ဘောလိုင်းများတွင်လုပ်ငန်းခွင်အတွင်းကွယ်လွန်သူများအတွက် နစ်နာ ကြေးထည့်သွင်းနိုင်ရေးအတွက်စာရင်းဖွင့်ရာတွင်ချွင်းချက်အနေဖြင့်ပိုမိုလျှင်မြန်လွယ်ကူစေရန်အတွက်မိတ်ဆက်ထောက်ခံချက် (၂) ဦးမပါဘဲ မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၂) ပုံ၊ Deposit USD-100/-,SGD 100/- ဖြင့် နေ့ချင်းပြီးစာရင်းဖွင့်ဆောင်ရွက်ပေးလျှက်ရှိပါသည်။

    MFTB ATM CARD ပြုလုပ်ရန်

    • ATM Card Account ဖွင့်လှစ်ရန်လိုအပ်သည့် အချက်အလက်များဖြည့်သွင်း ရပါမည်။ Card ကိုင်ဆောင်သူသည် အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရပါမည်။
    • Customer မှ ဖြည့်သွင်းသောအချက်အလက်များအား ဘဏ်မှစစ်ဆေးကာ ATM Card Account ဖွင့်ပေးပါမည်။

    ATM CARD အကျိုးကျေးဇူးများ

    • ATM CARD အကျိုးကျေးဇူးများ
    • ငွေသားလက်ကျန်များအား စစ်ဆေးနိုင်ပါသည်။
    • ပစ္စည်းဝယ်ယူမှု့များအတွက် ငွေပေးချေနိုင်ပါသည်။
    • ATM Card အား (၂၄) နာရီ အသုံးပြုနိုင်ပါသည်။
    • ATM Card အတွင်း ငွေသွင်းရန်မှအပ ဘဏ်သို့လာရောက်ရန် မလိုအပ်ပါ။
    • MFTB ၏ ATM Card အချင်းချင်း MFTB ၏ATM များတွင် မိမိလွှဲပို့လိုသည့် ATM Card A/C No. သိရှိပါက အခြားATM Cardသို့ A/C Transfer ပြုလုပ်နိုင်ပါသည်။ အများဆုံးလွှဲပို့နိုင်သည့်ငွေပမာဏမှာ ကျပ်(၅)သိန်း ဖြစ်ပါသည်။

    ATM CARD အား ငွေသွင်းရန်အတွက် လိုအပ်ချက်များ

    • ATM Card No (သို့) ATM Account No. ဖြင့် မိမိ Cardအား ဘဏ်တွင် ငွေသားပေးသွင်း၍ ငွေဖြည့်သွင်းနိုင်ပါသည်။

    ATM CARD အသုံးပြုသူများသိထားသင့်သည့်အချက်များ

    • မိမိလျှို့ဝှက်နံပါတ် (Pin No) အား အသုံးပြု၍ ATM များ POS များတွင် အသုံးပြုနိုင်ပါသည်။
    • မိမိလျှို့ဝှက်နံပါတ် (Pin No) အား ATM စက်ရှိသည့်နေရာ၌ပင် ပြောင်းလဲနိုင်ပါသည်။
    • MFTB ATM CARD အား MFTB ၏ ATM စက်များတွင်သာမက အခြားသော ဘဏ်များ၏ MPU တံဆိပ်ပါရှိသော ATM စက်များတွင်လည်း ငွေထုတ်ယူနိုင်ပါသည်။
    • POS စနစ်ဖြင့် ငွေပေးချေနိုင်သောဆိုင်ကြီးများတွင် ATM Card ဖြင့် ဈေးဝယ် နိုင်ပါသည်။
    • တစ်ကြိမ်ထုတ်ယူပါက အများဆုံး (၃)သိန်းအထိ ထုတ်ယူနိုင်ပါသည်၊
    • နေ့စဉ်ငွေကျပ်(၁၀)သိန်းအထိ ထုတ်ယူနိုင်ပါသည်။
    • MFTB ATM Card အား MFTB ၏ ATM တွင် ငွေထုတ်ယူခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန် မလိုအပ်ပါ။
    • အခြားဘဏ်များ၏ ATM စက်များတွင် ငွေထုတ်ယူမှသာ ဝန်ဆောင်ခ ဝ.၅၀% ပေးဆောင်ရမည် ဖြစ်ပါသည်။ (ဥပမာ-ငွေကျပ် ၁၀,ဝ၀ဝ/- ထုတ်ယူပါက ကျပ် ၅၀/- ပေးဆောင်ရမည်။)
    • POS များတွင် အသုံးပြုခြင်းအတွက် ဝန်ဆောင်ခ ပေးဆောင်ရန်မလိုအပ်ပါ။

    သတိပြုရန်အချက်များ

    • ဘဏ်မှCard ထုတ်ယူပြီးပါက မိမိ လျှို့ဝှက်နံပါတ် (Pin No) အားပထမအကြိမ် မဖြစ်မနေ MFTB ATM စက်တွင် ဦးစွာရိုက်ထည့်၍ ပြောင်းလဲထားပါ။ATM စက်မှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပါ။
    • မိမိလျှို့ ဝှက်နံပါတ် (Pin No) သည် အထူးအရေးကြီး၍ မိမိမှအပ သူတစ်ပါးအား အသိပေးခြင်း မပြုလုပ်ရ။
    • မိမိ Card အား သူတစ်ပါးသို့ငှားရမ်းခြင်းမပြုရ။
    • ATM Card အား ATM စက်တွင်အသုံးပြုပါက မိမိလျှို့ဝှက်နံပါတ် (Pin No) အားမှန်ကန်စွာ ရိုက်နှိပ်ပါ။သုံးကြိမ်မှားယွင်းပါက Card အား ATM စက်မှ သိမ်းဆည်းသွားမည်ဖြစ်ပါသည်။
    • ATM Card ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း၊ လျှို့ဝှက်နံပါတ် (Pin No)မေ့ခြင်း၊ ပျက်စီးခြင်း၊ မိမိ Card အားစက်မှ သိမ်းယူခြင်း၊ Card ပိုင်ရှင်ကွယ်လွန်ခြင်း စသည်များကြုံတွေ့ရပါက ဘဏ်သို့အကြောင်းကြားရပါမည်။
    • အကြောင်းကြားခြင်းမရှိဘဲ တစ်စုံတစ်ခုဖြစ်ခဲ့ပါက မိမိတာဝန်သာဖြစ်ပါသည်။
    • ATM စက်မှ ငွေထုတ်ယူရာတွင် ငွေသားနှင့်Card အား သေချာစွာသိမ်းဆည်းပြီးမှသာ စက်အနီးမှ ထွက်ခွာပါ။
    • နိုင်ငံခြားငွေAccount ရှိသူများမှ မြန်မာကျပ်ငွေဖြင့်ထုတ်ယူလိုပါက ထုတ်ယူမည့် နိုင်ငံခြားငွေအား Exchange Rate ဖြင့်တွက်ချက်၍ ATM Card Account ဖွင့်လှစ်ထားပါက Transfer ဖြင့် ဖြည့်တင်းပေးပါမည်။
    • ATM Card Account ကိုတစ်ဦးတည်း အမည်ဖြင့်သာ ဖွင့်လှစ်ခွင့်ရှိပါသည်။ တွဲဖက်စာရင်း ဖွင့်ခွင့်မပြုပါ။

    ငွေစုဘဏ်စာရင်း( Savings Deposit Account )

    စာရင်းဖွင့်လှစ်နိုင်သူများ

    - ပုဂ္ဂလိက တစ်ဦးချင်းအသက် ( ၁၈ )နှစ်ပြည့်ပြီးသူဖြစ်ရမည်။

    စာရင်းဖွင့်ရန်အတွက်လိုအပ်ချက်များ

    • - ပုဂ္ဂလိကတစ်ဦးချင်း
    • (၁) နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။
    • (၂) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်ခွင့် လျှောက်ထားရမည်။
    • (၃) ကျပ်သိန်း (၁၀ဝ) အထက် အပ်နှံခြင်းဖြစ်လျှင် ဝင်ငွေရလမ်းဖော်ပြနိုင်ရမည်။ ဘဏ်မှ လိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။
    • ကနဦးအပ်နှံငွေ - ၁၀ဝ၀ ကျပ်
    • အနည်းဆုံးလက်ကျန်ငွေ - ၁၀ဝ၀ ကျပ်
    • အတိုးနှုန်း ( တစ်နှစ်လျှင် ) - ၈ %

    အတိုးတွက်ပုံ

    အပ်ငွေကို လစဉ်လဆန်း ( ၁) ရက်နေ့မှ ( ၄ ) ရက်နေ့အတွင်း ပေးသွင်းနိုင်ပြီး လကုန်ရက် တွင်ကျန်ရှိသော အနည်းဆုံးလက်ကျန်ပေါ်တွင်တွက်ချက်၍ (၆) လလျှင်တစ်ကြိမ်အတိုး ထည့်သွင်း ပေးပါသည်။

    ပုံသေအပ်နှံငွေစာရင်း ( Fixed Deposit Account )

    စာရင်းဖွင့်လှစ်နိုင်သူများ

    - ပုဂ္ဂလိက တစ်ဦးချင်းအသက် ( ၁၈ )နှစ်ပြည့်ပြီးသူဖြစ်ရမည်။

    စာရင်းဖွင့်ရန်အတွက်လိုအပ်ချက်များ

    • - ပုဂ္ဂလိကတစ်ဦးချင်း
    • (၁) နိုင်ငံသားစိစစ်ရေးကဒ်မူရင်း/မိတ္တူတင်ပြရမည်။
    • (၂) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်ခွင့် လျှောက်ထားရမည်။
    • ကျပ်သိန်း (၁၀ဝ) အထက် အပ်နှံခြင်းဖြစ်လျှင် ဝင်ငွေရလမ်းဖော်ပြနိုင်ရမည်။ ဘဏ်မှ လိုအပ်ချက်တောင်းခံလျှင် အထောက်အထား တင်ပြနိုင်ရမည်။
    • - ကုမ္ပဏီ/အဖွဲ့အစည်း
    • (၁) သင်းဖွဲ့စည်းမျဉ်း/သင်းဖွဲ့မှတ်တမ်းမူရင်း/မိတ္တူ
    • (၂) MFTB တွင် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ရန် အစည်းအဝေးဆုံးဖြတ်ချက်နှင့် ဘဏ်စာရင်းတွင် ငွေသွင်း/ငွေထုတ် ဆောင်ရွက်မည့်ပုဂ္ဂိုလ်( ၁ ) ဦး( သို့ ) တစ်ဦး ထက်ပိုသော ပုဂ္ဂိုလ်များ
    • (၃) ဘဏ်မှသတ်မှတ်ပုံစံတွင် ဖြည့်စွက်၍ စာရင်းဖွင့်လှစ်ခွင့်လျှောက်လွှာ( သို့ ) ကုမ္ပဏီ/ အဖွဲ့အစည်း၏ Letter Head ဖြင့် ငွေစုဘဏ်စာရင်း ဖွင့်လှစ်ခွင့်လျှောက်လွှာ
    • (၄) ဘဏ်စာရင်းတွင် ငွေသွင်း/ငွေထုတ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ နိုင်ငံသားစိစစ်ရေး ကဒ်မူရင်း/မိတ္တူ
    • (၄) ဘဏ်စာရင်းတွင် ငွေသွင်း/ငွေထုတ် ဆောင်ရွက်မည့် ပုဂ္ဂိုလ်များ၏ နိုင်ငံသားစိစစ်ရေး ကဒ်မူရင်း/မိတ္တူ
    • (၆) အခွန်ကင်းရှင်းကြောင်း ( သို့)အခွန်ထမ်းဆောင်ပြီးကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာန၏ ထောက်ခံစာ ( ကျပ်သိန်း ( ၁၀ဝ ) နှင့်အထက်ဖြစ်လျှင် )

    အပ်နှံငွေ ( အနည်းဆုံး )

    • ပုဂ္ဂလိကတစ်ဦးချင်း - ၁၀ဝ,ဝ၀ဝ ကျပ်
    • ကုမ္ပဏီ/အဖွဲ့အစည်း - ၁,ဝ၀ဝ,ဝ၀ဝ ကျပ်

    အတိုးနှုန်း

    • - (၃) လအပ်နှံငွေပေါ်တွင် ၈.၂၅ %
    • - (၆) လအပ်နှံငွေပေါ်တွင် ၈.၅၀ %
    • - (၉) လအပ်နှံငွေပေါ်တွင် ၈.၇၅ %

    ငွေစုစာအုပ် ( Savings Passbook )

    ငွေစုဘဏ်စာရင်းပိုင်ရှင်တိုင်းအား ငွေသွင်း/ငွေထုတ်နှင့် လက်ကျန်ငွေတို့ကို အတည်ပြုထားသည့် ငွေစုစာအုပ် ထုတ်ပေးမည်ဖြစ်ပါသည်။ ငွေစုစာအုပ်မပါဘဲ ငွေထုတ် ခွင့် မရှိပါ။

    ငွေသွင်းခြင်း ( Deposit )

    မိမိ Account ထဲသို့ ငွေသွင်းပါက မိမိကိုယ်တိုင် ငွေသွင်းနိုင်သည့်အပြင် ကိုယ်စားလှယ်ဖြင့် လည်း ငွေသွင်းနိုင်ပါသည်။ ငွေသွင်းတိုင်း ငွေစုစာအုပ်တင်ပြရမည်။

    ငွေထုတ်ယူခြင်း ( Withdraw )

    • ပုံသေအပ်နှံငွေစာရင်း အချိန်စေ့ရောက်သည့်နေ့တွင် ငွေအပ်နှံသူမှဘဏ်သို့ လာရောက်၍ ငွေသားပြန်လည်ထုတ်ယူနိုင်ပါသည်။
    • ပုံသေအပ်နှံငွေစာရင်း အချိန်စေ့ရောက်သည့်နေ့တွင် ငွေအပ်နှံသူမှဘဏ်သို့ လာရောက်၍ ငွေသားပြန်လည်ထုတ်ယူနိုင်ပါသည်။
    • ပုံသေအပ်နှံငွေစာရင်းကို အချိန်စေ့ရောက်တိုင်း သက်တမ်းတိုးပေးရန်နှင့် စာရင်းပိုင်ရှင်မှ ဘဏ်သို့ ညွှန်ကြားထားနိုင်ပါသည်။
    • ပုံသေအပ်နှံငွေစာရင်းမှ အတိုးကို အတိုးငွေသာထုတ်ယူမည် (သို့) ငွေစုဘဏ် စာရင်းသို့ ထည့်သွင်းရမည်ကို စာရင်းပိုင်ရှင်မှဘဏ်သို့ညွှန်ကြားထား နိုင်ပါသည်။
    • ငွေသွင်းခြင်းနှင့်ငွေထုတ်ခြင်းကို ဆောင်ရွက်နိုင်သည့် နည်းလမ်းများမှာ -
    • (၁) ငွေသားဖြင့် ပေးသွင်းခြင်း/ထုတ်ခြင်း
    • (၂) ငွေသားဖြင့် ပေးသွင်းခြင်း/ထုတ်ခြင်း
    • (၃) ချက်လက်မှတ်ဖြင့်ပေးသွင်းခြင်း

    မှတ်ချက်။ ငွေသားဖြင့် ငွေပေးသွင်းခြင်းကို ကျပ်သိန်း (၁၀ဝ) အထိလည်းကောင်း၊ ကျပ်သိန်း (၁၀ဝ) အထက်ဖြစ်လျှင် ချက်လက်မှတ်ဖြင့်လည်းကောင်း၊ ဘဏ်တွင် ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်းမှ စာရင်းလွှဲပြောင်းသည့် စနစ်ဖြင့် လည်းကောင်း၊ CBM-NET ဖြင့်လည်းကောင်း ပေးသွင်းနိုင်ပါသည်။