Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank MFTB | Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank

CENTURY INTERNATIONAL QUALITY ERA AWARD

(CQE) GOLD CATEGORY ရရှိခြင်း

  1. မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် စပိန်နိုင်ငံ မက်ဒရစ်မြို့ အခြေစိုက် Business Initiative Directions ( BID ) မှ ၂၀၀၇ ခုနှစ်အတွက် Century International Quality Era Award(CQE) Gold Category ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါသည်။

  2. QC 100 ( Quality Control 100 ) , TQM ( Total Quality Management ) ကို ပထမဆုံးထုတ်ပြန်ခဲ့သူ Mr. Jose E Prieto သည် ၁၉၇၃ ခုနှစ်တွင် JBAN ပုံနှိပ်ထုတ်ဝေရေး အဖွဲ့ကို တည်ထောင်ခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် B.I.D ကို ဖွဲ့စည်း၍ ကမ္ကာ့နိုင်ငံအသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်းကာကမ္ဘာတ၀ှမ်းရှိ ကုမ္ပဏီ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်း အသီးသီး၏ အရည်အသွေးနှင့် စွမ်းဆောင်ရည် တိုးတက်ရေးကို အလေးထားဆောင်ရွက်လျက် ရှိပါသည်။

  3. BID တွင် အင်ဂျင်နီယာများ၊ ရူပဗေဒပညာရှင်များ၊ သင်္ချာပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊ လူမှုရေးပညာရှင်များ၊ သတင်းစာဆရာများဖြင့် ဖွဲ့စည်းထားပြီး ကုန်စည်နှင့် ၀န် ဆောင်မှု အရည် အသွေးထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းစဉ်များ တိုးတက်ဖြစ်ပေါ်ရေးအတွက် ညှိနှိုင်းကြံဆ၍ ကမ္ကာတ၀ှမ်းလုံးရှိ ကုန်ထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုစီးပွားရေးလုပ်ငန်းများအား ပံ့ပိုးပေးလျက်ရှိပါသည်။

  4. ဆုရွေးချယ်ရာတွင် လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုနှင့် ဦးဆောင်မှုကောင်းမွန်ခြင်း၊ အရည် အသွေးနှင့် ထူးခြားမှုရှိခြင်း ၊ အမည်ဂုဏ်သတင်း ထင်ရှားကျော်ကြားမှုရှိခြင်း ၊ နည်းပညာ ၊ အတတ်ပညာ၊ ကုန်စည်နှင့် ၀န်ဆောင်မှုအသစ်များ ပေးနိုင်ခြင်း၊ ဈေးကွက်ဝေစုတိုးတက်ရရှိခြင်း၊ မိမိနှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ လုပ်ငန်းဆောင်ရွက်မှုများ အပေါ်စိတ်ကျေနပ်မှုရရှိ စေခြင်း စသည့်စံနှုန်းများအပေါ်မူတည်၍ ကမ္ကာတ၀ှမ်းလုံးရှိ ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ လျှို့ဝှက်မဲပေး စနစ်အရ လည်းကောင်း၊ ဆုရွေးချယ်ရေး ကော်မတီမှ ပေးပို့လာသော မေးခွန်းလွှာများ ပြန်လည်ဖြေကြားချက်အရ လည်းကောင်း၊ ဖုန်းဖြင့်အတည်ပြုမေးမြန်း စုံစမ်းမှုအရလည်းကောင်း၊ ဆုရွေးချယ်သည့် အဖွဲ့ BID Web Page တွင် လွှင့်တင်ထားသည့် မေးခွန်းများနှင့် ပုံစံများ ဖြည့်စွက်ပြန်ကြားချက် အရလည်းကောင်း ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။

  5. ဆုချီးမြင့်သည့် အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ရှိ Hotel Intercontinental , International Convention Hall တွင် ကျင်းပခဲ့ပြီး မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကိုယ်စား ဂျနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံအမတ်ကြီး ဦးညွန့်မာင်ရှိန် မှ ၂၀၀၇ ခုနှစ် ဧပြီလ(၂၃)ရက်နေ့တွင် အဆိုပါဆုကိုလက်ခံရယူခဲ့ပါသည်။

MFTB | Myanma Foreign Trade Bank