Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank MFTB | Myanma Foreign Trade Bank
MFTB | Myanma Foreign Trade Bank

ပြည်သူသို့ပေးနေသော ၀န်ဆောင်မှု
(က)   နိုင်ငံခြားသုံးငွေစာရင်းများဖွင့်လှစ်ပေးခြင်း။ အမေရိကန်ဒေါ်လာ၊ ယူရိုတို့ဖြင့် နိုင်ငံခြားသုံးငွေ စာရင်းများဖွင့်လှစ်ခြင်းကို လက်ခံဆောင်ရွက်ပေးပါသည်။ နိုင်ငံခြားသုံးငွေစာရင်းများ ဖွင့်လှစ် အပ်နှံရာတွင် စာရင်းရှင်အပ်ငွေနှင့် (၆)လပုံသေအပ်နှံငွေဟူ၍ စာရင်း(၂)မျိုးဖွင့်လှစ်အပ်နှံ ထားရှိနိုင်ပါသည်။ ဖွင့်လှစ်ထားရှိသော နိုင်ငံခြားသုံးငွေစာရင်း အမျိုးအစားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။
၁။       သံရုံးနှင့်သံရုံးဝန်ထမ်းများ၏စာရင်းများ
၂။       ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏စာရင်းများ
၃။       နိုင်ငံသားပိုင်ကုမ္ပဏီစာရင်းများ
၎။       နိုင်ငံသားတစ်ဦးချင်းပိုင်စာရင်းများ
၅။       ၀န်ကြီးဌာနများနှင့်နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏စာရင်းများ
၆။       နိုင်ငံခြားသားပိုင်ကုမ္ပဏီစာရင်းများ
၇။       နိုင်ငံခြားသားတစ်ဦးချင်းပိုင်စာရင်းများ/ကျွမ်းကျင်မှုအကြံပေးပုဂ္ဂိုလ်များ၏စာရင်းများ
၈။       ဖက်စပ်ကော်ပိုရေးရှင်းများ၏စာရင်းများ
(ခ)     အစိုးရ၀န်ထမ်းများနှင့်ဝန်ထမ်းမဟုတ်သူများ ပြည်ပသို့သွားရောက်ရာတွင် သတ်မှတ်ထား သော စည်းကမ်းချက်များနှင့်အညီ နိုင်ငံခြားသုံးငွေလဲလှယ်ပေးခြင်းနှင့် ပြန်လည် ပါရှိလာသော နိုင်ငံခြားငွေများကိုပြန်လည်လက်ခံခြင်း။
(ဂ)     သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ ပြည်ပနိုင်ငံများသို့ငွေလွှဲပေးပို့ခြင်း နှင့်ပြည်ပ မှလွှဲပို့ငွေကိုလက်ခံခြင်း။
(ဃ)   နိုင်ငံခြားသုံးငွေ ချက်လက်မှတ်များနှင့် အကြွေးဝယ်ကဒ်ပြား ( Credit Card ) များအတွက် ငွေကောက်ခံပေးခြင်း။
(င)    အစိုးရဌာနများ၊ သံရုံး၊ စီးပွားရေးလုပ်ငန်း၊ NGO၊ INGO တို့မှ နေ့စဉ်ငွေသားပေးသွင်းမှု လက်ခံဆောင်ရွက်ပေးခြင်း၊ ငွေပေးအမိန့်လွှာထုတ်ပေးခြင်း။
(စ)    နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် ပြည်ပမှ ၀ယ်ယူတင်သွင်းသော ပစ္စည်းများအတွက် တန်ဖိုးငွေပေးချေခြင်းကို သွင်းကုန်ငွေလွှဲစာတမ်း များဖွင့်လှစ်၍သော်လည်းကောင်း၊ ငွေလွှဲပို့သည့်စနစ်အရသော်လည်းကောင်း ဆောင်ရွက်ပေး ခြင်း။
(ဆ)     နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များ၏ ပို့ကုန်တန်ဖိုး နိုင်ငံခြားငွေများကို ပို့ကုန်ငွေလွှဲစာတမ်းအရသော်လည်းကောင်း၊ ပြည်ပမှငွေလွှဲပို့သည့်စနစ်အရ သော်လည်းကောင်းလက်ခံဆောင်ရွက်ပေးခြင်း။
(ဇ)     အစိုးရဌာနများနှင့် နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ၏ကိုယ်စား ဘဏ္ဍာရေးဝန်ကြီး ဌာန၏ ညွှန်ကြားချက်အရ ပြည်ပဘဏ်များနှင့် ပြည်ပရှိ ငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ငွေချေးယူခြင်း၊ အာမခံခြင်းနှင့် ပြည်ပရှိအဆက်အသွယ်ဘဏ်များ၏ ညွှန်ကြားချက်များအရ အာမခံ ထုတ်ပေးခြင်း။
(ဈ)   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ်ပေးပို့သော ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းထားကို အသုံးပြု လျက် ဘဏ်တွင်အသုံးပြုမည့် နေ့စဉ်နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တွက်ချက်ခြင်း။
(ည) ပြည်ပနိုင်ငံအသီးသီးရှိဘဏ်ကြီးများနှင့် နိုင်ငံတကာဘဏ်လုပ်ငန်းကိစ္စရပ်များ ဆက်သွယ် ဆောင်ရွက်ခြင်း။
(ဋ) ပြည်ပအကူအညီအထောက်အပံ့ဖြင့်ဆောင်ရွက်သော ဌာန / အဖွဲ့အစည်းများ၏ စီမံကိန်းများ အတွက် အဆက်အသွယ်ဘဏ်များသို့ Authorization to Pay များဖွင့်လှစ်ဆောင်ရွက် ပေးခြင်း။

MFTB | Myanma Foreign Trade Bank